Monday, May 13, 2013

မြန်မာနိုင်ရှိ ရုပ်ရှင်ချစ် ပရိသတ်များအတွက် Mingalar Cinemas apk


မြန်မာနိုင်ရှိ ရုပ်ရှင်ချစ် ပရိသတ်များအတွက် Mingalar Cinemas Company Limited နှင့် Bagan Innovation Technology (BiT) တို့မှ မင်္ဂလာ Company ၏ ရုပ်ရှင်ရုံများတွင် ပြသလျက်ရှိသော ရုပ်ရှင်ကားများ၊ ထပ်မံပြသမည့် ရုပ်ရှင်ကားများ၏ အချက်အလက်များကို အလွယ်တကူ သိရှိနိုင်ရန် Mingalar Cinemas Mobile Application ကို ထုတ်လုပ်လိုက်ပြီဖြစ်ပါသည်။ iPhone နှင့် Android ဖုန်းများအတွက် Mingalar Cinemas Mobile Application ကို ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။
- ရုပ်ရှင်ရုံများ၏ တည်နေရာများကို မြေပုံများနှင့်တကွ ကြည့်ရှုနိုင်ခြင်း၊
-  လက်ရှိပြသနေသော ရုပ်ရှင်ဇာတ်ကားများ၊ ထပ်မံပြသသွားမည့် ရုပ်ရှင်ဇာတ်ကားများကို သိရှိနိုင်ခြင်း၊
-  ရုပ်ရှင်ပြသချိန်များကို သိရှိနိုင်ခြင်း၊
- ရုပ်ရှင်ရုံများ၏ တယ်လီဖုန်းနံပါတ်များ ပါရှိခြင်းကြောင့် Booking ကို လွယ်ကူစွာပြုလုပ်နိုင်ခြင်း
- ရုပ်ရှင်ဇာတ်ကား Trailer များကို ကြည့်ရှုနိုင်ခြင်း
အစရှိသည်တို့ကို English-Myanmar နှစ်ဘာသာဖြင့် ဖတ်ရှုနိုင်အောင် ပြုလုပ်ပေးထားပါသည်။
Download ပြုလုပ်လိုပါက http://www.bitmyanmar.com.mm/kanaung/mingalar သို့ မိမိတို့၏ iOS Device မှ တစ်ဆင့် သွားရောက် Download ပြုလုပ်နိုင်ပါသည်။
Download ပြုလုပ်ခြင်းနှင့် Application အသုံးပြုရာတွင် တွေ့ရှိသော အခက်အခဲများကို http://www.facebook.com/BitCarePage တွင် ရေးသား ဖော်ပြနိုင်ပါသည်။

No comments:

Post a Comment