Friday, May 31, 2013

Cut The Rope: Time Travel HD v1.0 for Android



Android ဖုန်း/Tablet တွေအတွက် ၂၀၁၃ ဧပြီလ ၁၈ ရက်နေ့မှာအသစ်ထွက်ရှိလာတဲ့ Cut The Rope: Time Travel HD ဂိမ်းလေးကိုတင်ပေးလိုက်ပါတယ်။ အရင် Cut The Rope ဂိမ်းတွေမှာ ကြိုးလေးတွေဖြတ်ပြီးချိုချဉ်စားတဲ့ဖားလေးဟာ သူစားရုံတင်မဟုတ်ဘဲ သူ့ရဲ့ဟိုးအရင်က ဘိုးဘေးဘီဘင်တွေကိုပါ ချိုချဉ်ကျွေးဖို့ အချိန်နောက်ပြန်စွမ်းအင်ကိုအသုံးပြုပြီး ရှေးခေတ်တွေကိုအလည်သွားခဲ့ပါတယ်။ ကျောက်ခေတ် ၊ အီဂျစ်ခေတ် ၊ ပင်လယ်ဓားပြတွေကြီးစိုးတဲ့ခေတ် စသည်ဖြင့် ခေတ်ပေါင်းစုံကိုသွားရောက်ရမှာဖြစ်ပါတယ်။ သူနဲ့အတူ ဖားဂြိုလ်သားနှစ်ကောင်လည်းအတူတူပါဝင်ကစားမှာဖြစ်ပြီး သူတို့ကိုချိုချဉ်ကျွေးရမှာပါ။ Level အလိုက်ဆော့ကစားရမယ့်ဂိမ်းလေးဖြစ်ပါတယ်။ Cut The Rope: Time Travel HD v1.0 for Android ကို Google Play မှာ ၂.၉၉ ဒေါ်လာနဲ့ဝယ်ယူကစားနိုင်ပြီး Myanmar Mobile App Store မှာတော့ Freedownload ရယူနိုင်ပါတယ်။ အောက်က link မှာရယူပါ။

No comments:

Post a Comment