Gosms pro ဆော့ဝဲ အသစ်ထွက်ရှိတာကြောင့် ပြန်တင်ပေးလိုက်ပါတယ် ..ဒီ SMS app လေးမှာ feature တွေမျိုးစုံပါပါတယ်။
- အထင်ကရ ကတော့ Private SMS box ပါ။ ဥပမာပေါ့နော်။ ။ ကိုယ့်ချစ်သူနဲ့ ပို့ထားတဲ့ message တွေကို တခြားသူမမြင်အောင် password နဲ့ခံပီး သီးခြားထားလို့ရတယ်။ သူပို့သမျှ message တွေက အဲဒီထဲကိုပဲ သွားမှာဆိုတော့ message အသစ်ဝင်လာရင်တောင် password ကို နှိပ်ပေးမှ ဖတ်လို့ရမှာပေါ့။
- Theme ပါ။ ဒီဇိုင်းတွေ အမြောက်အမြားရှိပါတယ်။ လှတပတ themes တချို့ကိုလဲ ဒေါင်းလုပ်ဆွဲလို့ရအောင် ထည့်ပေးလိုက်ပါတယ်။
- Ringtone ပါ။ ကိုယ်ကြိုက်တဲ့ contact တိုင်းအတွက် ကြိုက်တဲ့ notification ringtone ထားလို့ရပါတယ်။
- Notification LED အရောင်ပါ။ ကိုယ့်ဖုန်းရဲ့ ဖုန်းပြောရင်နားထောင်တဲ့ speaker နားမှာ LED မီးလုံးလေးရှိပါတယ်။ အားသွင်းရင် လင်းတဲ့ မီးလုံးလေးပါ။ ကိုယ့်ဖုန်းကသာ မီးရောင်းစုံ ထောက်ပံ့ပေးနိုင်တယ်ဆိုရင် ကိုယ့်စိတ်ကြိုအရောင်ထားလို့ရပါတယ်။ Normal မီးအရောင်နဲ့ Private အတွက် မီးအရောင်နှစ်မျိုးပါ။ ရောင်စုံ LED ကို နောက်ပိုင်းဖုန်းမော်ဒယ် အနည်းငယ်ပဲ မြင့်တာလေးတွေတောင်မှ ထောက်ပံ့ပေးပါတယ်။ အရောင်တွေကတော့ အနီ၊ အပြာ၊ခရမ်း၊ အပြာနု၊ အဝါ၊ လိမ္ပော် စသဖြင့် အရောင်စုံရပါတယ်။
- နောက်ထပ်နောက်ထပ်တွေကတော့………………………………………………………… အောက်က ဒေါင်းလုပ်လင့်လေးကနေ ဒေါင်းလုပ်ဆွဲပီး သုံးကြည့်ပါလို့

Emoji-plugin ကတော့ အရုပ်ကလေးတွေကို sms ထဲထည့်ပီးပို့တာပါ။ iOS မှာတော့ အစောကြီးကတဲက ရှိပါတယ်။ စက်ရုပ်အတွက်ကတော့ iOS လို keyboard အနေနဲ့ သပ်သပ်မထွက်ရှိပဲ SMS app တွေရဲ့ အထောက်အပံ့အနေနဲ့ပဲ ရှိပါတယ်။ အဲဒါကြောင့် emoji icon လေးတွေသုံးချင်တယ်ဆိုရင်တော့ အဲဒါကို အထောက်အပံ့ပေးတဲ့ SMS app ရှိရပါမယ်။ ကိုယ်ပို့မဲ့ ဖုန်းမှာလဲ ရှိနေမှ ပေါ်မှာပါ။ဒီဆော့ဝဲလ် လေးကို Myanmar Mobile App store မှာ download ရယူနိုင်ပါတယ် ခင်ဗျာ.. အောက်က link မှာရယူနိုင်ပါတယ် ..
No comments:
Post a Comment