Sunday, June 2, 2013

Tunein Radio Pro v7.1 for Android



Android ဖုန်း/Tablet တွေအသုံးပြုပြီး ကမ္ဘာ့အရပ်ရပ်က ရေဒီယို Channel တွေကိုဖမ်းယူနားဆင်နိုင်ဖို့ Tunein Radio Pro v7.1 ကိုတင်ပေးလိုက်ပါတယ်။ Tunein Radio Pro ဟာကမ္ဘာအနှံ့အပြားကရေဒီယိုလိုင်းတွေအားလုံးကိုအဆင်ပြေပြေနဲ့ကြည်လင်ပြတ်သားဆုံးနား ထောင်နိုင်တဲ့ ရေဒီယို app တစ်ခုဖြစ်ပါတယ်။ ဒီ app ဟာ Tunein Radio မှကိုယ်ကြိုက်နှစ်သက်တဲ့အစီအစဉ်တွေကို record လုပ်ထားနိုင်တဲ့စွမ်းရည်ကိုထည့်သွင်းပေးထားတာကြောင့် ကိုယ်နားထောင်ချင်တဲ့အချိန်မှာပြန်လည်နားထောင်နိုင် ပါတယ်။ ရေဒီယိုအသံလွှင့်ဌာနပေါင်း ၇၀၀၀၀ ခုမှထုတ်လွှင့်တဲ့သီချင်းတွေ၊ သတင်းတွေ၊အားကစားအစီအစဉ်တွေကိုတိုက် ရိုက်နားထောင်နိုင်တဲ့အပြင် ပြပွဲတွေ၊ရှိုးပွဲတွေ အမျိုးအစား ၂ သန်း လောက်ကိုကြည့်ရှုခံစားနိုင်ပါတယ်။ သီချင်းတွေ၊ရှိုးပွဲတွေကိုကြည့်ရှုဖို့အတွက် ခေါင်းစဉ်တွေကိုတစ်ခုပြီးတစ် ခု swipe လုပ်ပြီး ပြောင်းနိုင်ပါတယ်။ နောက်ထုတ်လွှင့် မယ့်သီချင်းတွေ၊အစီအစဉ်ကဏ္ဍတွေကိုမလွတ်သွားစေဖို့အတွက် ထုတ်လွှင့်မယ့်နေ့ကို ကိုယ့်ရဲ့ personal calendar ထဲမှာ မှတ်သားထားနိုင်ပါတယ်။ အကောင်းဆုံးနဲ့ကိုယ်ကြိုက်နှစ်သက်တဲ့သီချင်းတွေနဲ့အသံလွှင့်ဌာနတွေကို Google ကိုအသုံးပြု ပြီး share လုပ်နိုင်ပါတယ်။ BMW နဲ့ MINI ကားတွေပေါ်မှာလည်း Tunein ကို ၄င်းတို့ရဲ့ dashboard တွေကနေတိုက်ရိုက် နားထောင်နိုင်ပါတယ်။ Alarm/Clock Timer function ကိုလည်းထည့်သွင်းပေးထားပါသေးတယ်။ Tunein Radio Pro for Android ကို Google Play မှာ 4.99 ဒေါ်လာနဲ့ရောင်းချနေပြီး Myanmar Mobile App Store မှာတော့ freedownload ရယူနိုင်ပါတယ်။ အောက်က link မှာရယူနိုင်ပါတယ်။
Download Here:


Mirror link:
Tunein Radio Pro v7.1 for Android (Link 1)
Tunein Radio Pro v7.1 for Android (Link 2)

No comments:

Post a Comment